Categories

  • No categories

Online Video Editing Lessons

(Unicode)

ထူးချွန်သော တည်းဖြတ်သူဖြစ်လာစေရန် အရည်အချင်းများ

(Qualification To Be Outstanding Editor)

၁။အနုပညာဆန်သောစိတ်ကူးစိတ်သန်းရှိရမည်။(Artistic)

၂။ဆုံးဖြတ်ချက်ပြတ်သားရမည်။(Decisive)

၃။တီထွင်ဖန်တီးနိုင်သောဉာဏ်စွမ်းရှိရမည်။(Creative)

၄။အရုပ်များကျစ်လစ်မှုရှိရမည်။(Compact)

၅။အရုပ်များစုစည်းမှုရှိရမည်။(Unity)

၆။အရုပ်များ အလေးပေးမှု မှန်ကန်ရမည်။(Emphasis)

၇။အရုပ်များသုံးစွဲပြသမှုမှန်ကန်ရမည်။(Correct)

၈။မိမိကိုယ်တိုင်ပါဝင်ခံစားပြီး အနုပညာမှော်ဝင်မှုရှိရမည်။(Inspiration)

၉။မိမိပင်ကိုယ်ဟန်ရှိရမည်။(Style)

၁၀။အဆက်အစပ်ပြေပြစ်မှုရှိရမည်။(Coherence)

၁၁။ဇွဲရှိရှိနဲ့စွဲစွဲမြဲမြဲ လုပ်ကိုင်နိုင်ရမည်။(Perseverance)

၁၂။ပုဂ္ဂလဓိဌာန်မဖြစ်စေရ။(Not Subjective)

၁၃။ဓမ္မဓိဌာန် ဖြစ်စေရမည်။(Objective)

၁၄။အကျိုးနဲ့အကြောင်း ခိုင်လုံစွာရှိရမည်။(Cause and Effect)

၁၅။တည်းဖြတ်ခဲ့သောဇာတ်ကားကို မိမိတာဝန်ယူနိုင်ရမည်။(Responsive)

 

ကျမကိုယ်တိုင်သင်ကြားပေးသော online video Edit မှာတော့ သင်ခန်းစာများကို မြန်မာလို သင်ကြားပေးထားပါတယ်။Software အသုံးပြုပုံလည်း သင်ပေးထားသလို Editing Concept ကိုပါ

ထပ်ဖြည့်ပြီး သင်ပေးထားပါတယ်။သင်ယူချင်သော သင်တန်းသားများကို ဘာကြောင့် အရုပ်တွေကို ရွေးချယ်ပြီး အသုံးပြုရတယ်ဆိုတဲ့ ခိုင်လုံသော အကြောင်းပြချက်ကို တကယ်သိရှိပြီး 

Video Editor ကောင်း တစ်ယောက် ဖြစ်စေရန် ဒီသင်တန်းက ရည်ရွယ်ပါတယ်ရှင်။ အခု သင်ခန်းစာများကတော့ Adobe Premiere pro cc 2018 ကို သင်ပေးထားတာပါ။အခြေခံသင်တန်းပေါ့နော်။ 

Editing ကို သေချာမသိသေးသောသူများ၊အခုမှစပြီးသိချင်သောသူများအတွက် ပိုပြီးသင်ယူသင့်တဲ့ သင်တန်းလည်း ဖြစ်ပါတယ်။တည်းဖြတ်သူ တစ်ယောက်ဖြစ်ဖို့ဆို တကယ်တမ်းကျတော့ မလွယ်ကူပါဘူးနော်။

လွယ်တယ်ထင်ပြီး အလွယ်လမ်းလိုက်ပြီး တည်းဖြတ်နေကြတဲ့သူတွေလည်း အများအပြားရှိပါတယ်။ တကယ်ကြိုးစားသင်ယူတဲ့ editor ကောင်းတစ်ယောက် ဖြစ်အောင် သင်ယူကြပါနော်။ 

Online Video Edit Lessons (1),(2),(3)တို့ကို တင်ပေးလိုက်ပါတယ်ရှင်။

 

Lesson(1)

Lesson(2)

https://bit.ly/3dCSNAC

Lesson (3)

https://bit.ly/3dAi9is

Leave Your Comment

Your email address will not be published.*