Categories

  • No categories

Online Video Edit Lessons(Montage)

(Unicode)

Technique of Editing ထဲမှ Montage များကို ဖော်ပြပေးလိုက်ပါတယ်။

(1)Direct cut montage

(2)Dissolve Montage

(3)Wipe montage

(4)Super-imposed montage

(5)Time lapse montage

(6)Date montage

(7)Procedure  montage

(8)Historical montage

(9)Symbolic montage

Montage (၉)မျိုးရှိတယ်လို့ အကြမ်းဖျင်း သိထားရင် လုံလောက်ပါတယ်။ အခုနောက်ပိုင်းမှာတော့ Online Platform က ကြီးမားကျယ်ပြန့်လာလို့ အခေါ်အဝေါ်တွေ အမျိုးမျိုး၊ရိုက်ချက်ပေါင်းစုံနဲ့

သတ်မှတ်ချက်များကိုသွေဖြည်ပြီး ဖန်တီးရိုက်ကူးတင်ဆက်လာတာကို Social Media များ၊ TV Mediaများတွေမှာ တွေ့မြင်လာနိုင်ပါတယ်။အခုခေတ်အနေအထားက ဘယ်လိုပဲရိုက်ရိုက် 

ဘယ်လိုပဲဆက်ဆက် (Editing) ပရိသတ်တွေ လုပ်ငန်းလက်ခံသူတွေ လက်ခံဖို့  အရေးကြီးလာသော  ခေတ် အနေအထားကို ရောက်နေတာဖြစ်ပါတယ်။Video Editorဖြစ်ချင်သူတစ်ယောက်က  

အခြေခံအကျဆုံးအချက်တစ်ချက်ဖြစ်တဲ့ တည်းဖြတ်စည်းကမ်းကိုနားလည်သိရှိထားဖို့ အရေးကြီးပါတယ်။ကျမတို့ တည်းဖြတ်မှာ လုပ်သင့်တာ ၊ မလုပ်သင့်တဲ့ အချက်တွေ ထည့်သွင်းစဉ်းစားရမှာတွေ 

အများကြီးရှိပါတယ်။စနစ်တကျ မရှိပဲ ဆက်ချင်တယ်ဆိုရင်တော့ အဲဒီဆက်နေတဲ့သူကိုယ်တိုင် စည်းကမ်းရှိထားသောသူ ဖြစ်နေဖို့ ပိုအရေးကြီးပါတယ်။ဆက်သင့်လား၊မဆက်သင့်ဘူးလားဆိုတာ 

သိထားပြီးသားမို့လို့ ဖြစ်သလိုဆက်လိုက်ရမယ်ဆိုရင်တောင် အခြေခံအချက်တွေ သိထားပြီးသားဖြစ်လို့ သူဆက်ထားသော ရုပ်ကဒ်တွေက အကြောင်းပြချက်ဆိုတာ ရှိနေမှာပါ။

အခြေခံအချက်ကို မသိတဲ့သူတစ်ယောက် ဆက်ရင်တော့ ရုပ်ကဒ်တစ်ခုကို  ဘာကြောင့်ဆက်လဲမေးခဲ့ရင် သူ့မှာ သေချာခိုင်လုံတဲ့ အဖြေတော့ ရှိမှာ မဟုတ်ပါဘူး။

ဒါကြောင့်မို့လို့ Video Editor တစ်ယောက်အနေနဲ့ ရုပ်ကဒ်တစ်ခုကို ဆက်တဲ့အခါ ဘာကြောင့်ဆက်တာဆိုတဲ့အကြောင်းပြချက်ခိုင်လုံစွာနဲ့ 

တည်းဖြတ်နေကြတဲ့ တန်ဖိုးရှိနေတဲ့သူတွေ ဖြစ်ပါတယ်နော်။တန်ဖိုးရှိနေတဲ့ တည်းဖြတ်ပညာရှင်များ ဖြစ်ကြစေဖို့ ဆုတောင်းပေးပါတယ်ရှင်။

💕 Free Online Video Editing Lessons 💕

Lesson(7)

http://gestyy.com/e0mGfP

Lesson(8)

http://gestyy.com/e0mGjB

Lesson(9)

http://gestyy.com/e0mHQm

Lesson(10)

http://gestyy.com/e0mHEY

Lesson(11)

http://gestyy.com/e0mHYP

Lesson(12)

http://gestyy.com/e0mHIc

ကျမ Online သင်ကြားထားသော သင်ခန်းစာများကို တင်ပေးထားခြင်းဖြစ်ပါတယ်။ Basic Course ဖြစ်လို့ သင်ခန်းစာတွေ ကျန်နေဦးမှာဖြစ်ပါတယ်။

အင်တာနက်ခေတ်ဖြစ်တဲ့အတွက်  Youtube တစ်ချက်နှိပ်လိုက်ရင် ကိုယ်သိချင်တာကို ချက်ချင်းသိနိုင်ပါတယ်။ ကျမ သင်ကြားပေးမှုဟာ (လုံး၀)မသိသေးသောသူ အစိမ်းသက်သက်ဖြစ်နေသူတွေအတွက်ရည်ရွယ်ပါတယ်။

ကျမ တည်းဖြတ်ခဲ့ရတဲ့အတွေ့အကြုံတွေကို မျှဝေပေးတာလည်းဖြစ်ပါတယ်။ Youtube က သင်ခန်းစာများက software tools အသုံးပြုမှုတွေကို မျှဝေပေးတာများပါတယ်။

သူတို့သင်ခန်းစာများမှာ ဘာကြောင့် ဒီလိုလုပ်ရတယ်ဆိုတဲ့အပိုင်း ပါဝင်မှုနည်းပါတယ်။ ကျမသင်ခန်းစာများကို လေ့လာပြီး Youtube ကိုဆက်သွားပြီးလေ့လာမယ်ဆိုရင် ပိုလွယ်ကူလိမ့်မယ်လို့ အကြံပြုအပ်ပါတယ်။ 

ကျေးဇူးတင်ပါတယ်ရှင်။

kconnect

Hey! You can Join Video Editing Advance Course

Early Bird 10 Persons (20)% bonus

Leave Your Comment

Your email address will not be published.*